Translate

Saturday, August 15, 2015

Saturday, August 8, 2015

Reborn

I would like to post with new technology, innovation, creation Idea and Rebuild for this Blog

Tuesday, August 7, 2012

156 Useful Run Commands

အခုဟာက Start ကနေ Run Commandမှာ ၀င်ပြီးတော့ သုံးတဲ့ Command လေးတွေဗျ။
ကျွှန်တော် ကတော့ ကြိုက်တယ်။ ကျွှန်တော့လို သိချင်သူတွေ အတွက်ပေါ့ဗျာ။
သိပြီးသာ ဆိုရင်လည်း ခွင့်လွှတ်ပေါ့ဗျာ


To Access…
. Run Command
Accessibility Control                       saccess.cpl

Accessibility Wizard accwiz

Add Hardware Wizard hdwwiz.cpl

Add/Remove Programs appwiz.cpl

Administrative Tools control admintools

Adobe Acrobat (if installed) acrobat

Adobe Designer (if installed) acrodist

Adobe Distiller (if installed) acrodist

Adobe ImageReady (if installed) imageready

Adobe Photoshop (if installed) photoshop

Automatic Updates wuaucpl.cpl

Bluetooth Transfer Wizard fsquirt

Calculator

မူရင်းလင့်(ခ်
)မှာတော့ အစုံအလင်




Friday, December 5, 2008

စာရေးဆရာ အောင်သင်းနှင့် ရေကြည်ရာ မြက်နုရာ ... (၁)

ရေကြည်ရာ မြက်နုရာ ဟူသော ဆိုရိုး စကားအတိုင်း ယနေ့ခေတ် မြန်မာ လူငယ်များသည် မိမိတို့၏ လူနေမှု ဘဝ တစ်ဆင့်ထက် တစ်ဆင့်၊ မြင့်သထက်မြင့်ဖို့ ရေခြား၊ မြေခြားသို့ စွန့်စွန့်စားစား သွားရောက်လျက် ရှိကြရာ 

အပေါက်အလမ်း တည့်သည်များလည်း ရှိသလို မှန်းချက်နှင့် နှမ်းထွက် မကိုက်သူများလည်း ဒုနဲ့ဒေးပင် ဖြစ်လို့နေကြောင်း လေ့လာ တွေ့ရှိရသည်။ မည်သည့် နေရာတွင်မဆို အဆိုးနဲ့အကောင်း ဒွန်တွဲ နေတတ်သည်မှာ လောကနိယာမ တစ်ခုပင် ဖြစ်ရကား အခြေအနေနှင့် အချိန်အခါအရ လုပ်သင့် လုပ်ထိုက်သည်များ လုပ်မှသာ ဖြစ်သင့် ဖစ်ထိုက်သည်များ ဖစ်လာပေမည်။ လူငယ်တို့၏ ဘဝ အာမခံချက်သည် တိုင်းတစ်ပါး သွားခြင်း၊ မသွားခြင်းနှင့် တိုက်ရိုက် ပတ်သက်ပါသလား မေးခွန်းသည် ယခု လူငယ်များ ရပ်ဝန်းတွင် ရေပန်းစားလို့ နေပါသည်။ စင်စစ် အားဖြင့်လည်း အခွင့်အလမ်း ပေါ်လာလျှင် ပေါ်လာသလို ယူတတ်မှသာ ရမည်ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စအပေါ် အားပေးစရာ၊ ကဲ့ရဲ့စရာ တစ်စုံတစ်ရာ မမြင်ပါ။ လူတိုင်းလူတိုင်း ကိုယ့်သမိုင်း ကိုယ်ရေး နေကြခြင်းသာ ဖြစ်ပါသည်။ ဘာပဲလုပ်လုပ် ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ပဓာနဖြစ်ပါသည်။ သို့ရာတွင် ပြည်ပမှာ နေနေ၊ ပြည်တွင်းမှာ နေနေ မမေ့မလျော့အပ်သော သတိထားစရာ ဆောင်ရန်၊ ရှောင်ရန် အချက်တို့ ရှိနေမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် လျှပ်တစ်ပြက် သတင်းဂျာနယ် အနေဖြင့် မြန်မာ လူငယ်ထု အပေါ် အကြံပြုလိုသည့် အချက်များကို လူငယ် အကျိုးပြု စာပေများ စဉ်ဆက်မပြတ် ရေးသားလျက် ရှိသော စာရေးဆရာကြီး (ဦး)အောင်သင်းနှင့် သွားရောက် တွေ့ဆုံပြီး ရေကြည်ရာ မြက်နုရာ ကိစ္စအပေါ် မေးသင့် မေးထိုက်သည့် အချက်အလက်များ မေးမြန်းခဲ့ပါသည်။ 

စက်တင်ဘာ (၃)ရက်နေ့၊ နံနက်ပိုင်းက ဆရာကြီး ဦးအောင်သင်း၏ နေအိမ်သို့ လျှပ်တစ်ပြက် ဝိုင်းတော်သားများ ရောက်ရှိခဲ့ရာ ဆရာကြီးက လူငယ်များ အပေါ် ဝေဖန် ထောက်ပြလိုသည့် အချက်များကို စေတနာ၊ မေတ္တာဖြင့် ပွင့်ပွင့်လင်းလင်း ဖြေကြား ပေးခဲ့ပါသည်။ ဤနေရာတွင် စာရှုသူများကို စကားပလ္လင် ခံလိုသည့် အချက် တစ်ချက်မှာ မိမိတို့ အယ်ဒီတာ အဖွဲ့ဝင်များ ဖြစ်သော ဆရာ လွမ်းဝေနိုင်နှင့် မိမိသည် တစ်ချိန်က ဆရာကြီး၏ တပည့်ကျောင်းသားများ ဖြစ်ခဲ့သဖြင့် အမေးအဖြေ ပုံစံတွင် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသည့် သဘောနှင့် 'မင်းတို့'၊ 'ငါတို့' ဆိုသော နာမ်စား အသုံးအနှုန်းများ ပါဝင်နေပါသည်။ ထိုအချက်ကို စာရှုသူ အနေဖြင့် ယောနိသောမနသိကာရ သင့်တင့်လျောက်ပတ်စွာ နားလည်ပေး၊ လုံးသွင်းပေး၍ သက်ကြီးစကား သက်ငယ်ကြားသည့်နှယ် အောက်ပါအတိုင်း လေ့လာ ဖတ်ရှုနိုင်ပါရန် မေတ္တာရပ်ပါကြောင်း။ 
ဆရာကြီးခင်ဗျား . . .င်ငံခြား ထွက်ပြီး အလုပ်လုပ်ရတဲ့ သူတွေမှာ ဦးနှောက်နဲ့ အချိန် အရင်းအနှီး ဘယ်လို ရှိမလဲ။ အချိန်မှာ အရွယ်ပါတယ်လို့ ဆိုပါတယ်။ အဲဒါ ဘယ်လို သဘောပေါက်ရမလဲ။ အရင်းအနှီးမှာ အရွယ်ပါ ပါသွားတဲ့ အတွက် နိုင်ငံရပ်ခြား အလုပ် သွားလုပ်တဲ့ သူတစ်ယောက်ဟာ ဟိုမှာ ပေါ့တီးပေါ့ဆ နေမိရင် သူ့အရွယ်က ပြန်ရနိုင်တာ မဟုတ်ဘူး။ အချိန်ကျတော့လည်း ဟိုမှာ ငါးနှစ် အလုပ်လုပ်မယ် ဆိုရင် တစ်ခုခု အချိန်ရအောင်၊ အရင်းအနှီးရအောင် လုပ်နိုင်ရင်လုပ်။ မလုပ်နိုင်လို့ ငါးနှစ်ကြာလို့ ဒီပြန်လာရင် မြန်မာပြည်မှာ သူက သူစိမ်း ပန်ဖြစ်သွားတယ်။ ကိုယ့်သူငယ်ချင်း တွေကလည်း ဘယ်သူက ဘယ်မြို့ ရောက်ကုန်မှန်း မသိဘူး။ ဒီက လုပ်ငန်းတွေကလည်း ပုံစံ ပြောင်းကုန်ပြီ။ ကိုယ်ထွက်သွားတဲ့ အချိန်နဲ့ ဘာမှ မဆိုင်တော့ဘူး။ အဲဒီတော့ သူ့မှာ ယောင်လည် . ယောင်လည်နဲ့ ဖစ်ပြန်ရော။ ဖစ်တော့ ပိုက်ဆံရှာပြီး နောက်တစ်ခါ ထပ်ထွက်ဖို့ပဲ သူတတ်တော့တယ်။ အဲဒါ သိပ်သတိထားရတယ်။ ကြောက်ဖို့ကောင်းတာက အရွယ်ဆိုတာ ပြန်မရတော့ဘူး ဆိုတာပဲ။ နောက်တစ်ခါ င်ငံခြား ပန်ထွက်တော့လည်း သူ့အသက် (၃ဝ)ဖစ်နေပြီ ဆိုတော့ ဟိုက သိပ်မခန့်ချင်တော့ဘူး။ အဲဒီလို ဖစ်ကုန်တာတွေ ပြောတာ။ အဲဒီတော့ နှစ်ဘက်ကြားထဲမှာ လွတ်သွားတတ်တယ်။ ပြောချင်တာက သူက င်ငံခြားမှာ ငါးနှစ်ကြာတယ် ဆိုရင် ငါးနှစ်အတွင်းမှာ ဒီမှာ အများကြီး ပြောင်းတယ်။ ပြောင်းတယ် ဆိုတာ ဘေးပတ်ဝန်းကျင်တင် ပြောင်းတာမဟုတ်ဘူး။ သူ့ပတ်ဝန်းကျင်ပါ ပြောင်းတာ။ ဥပမာ-သူ့နှမက အိမ်ထောင်ကျချင် ကျမယ်။ သူ့အဖေက သေရင် သေမယ်ပေါ့။ သူ့ပတ်ဝန်းကျင်ကိုက ပြောင်းသွားတာ။ ပြောင်းသွားတဲ့ အခါကျတော့မှ သူက ပြန်ဝင်တော့ တကယ့်ကို ကိုယ့်တိုင်း ကိုယ့်ပြည် ပန်လာတာ ဖြစ်ပေမယ့် တကယ့် Foreign Land ကို ရောက်လာသလို ဖစ်တတ်တယ်။ အဲဒီလို ဖစ်တော့ သူက ဒီမှာ မလုပ်တတ်တော့ဘူး။ မလုပ်တတ်တော့ ပိုက်ဆံ အရင်းအနှီးရှာ၊ နောက်တစ်ခါ ပန်ထွက်။ အဲဒီအခါမှာ သူ့အရွယ်က လွန်သွားပြီ။ အဲဒါကြောင့် အရွယ်ဆိုတာ သိပ်သတိပေးရတယ်။ သိပ်ကြောက်ဖို့ ကောင်းတယ်။ မျက်စိအောက် တွေ့ဖူးတာပဲ။ ဟိုကို သွားရင် ငွေကြေး အရင်းအနှီးရော၊ ဦးနှောက် အရင်းအနှီးရော သုံးရတာကို။ ဒီကနေ ထွက်သွားလိုက်တော့ သူပညာသင်ထားတဲ့ ဦးနှောက်ကို ဟိုက အဆင်သင့် ခူးပြီးသား၊ ခပ်ပြီးသား ယူသုံးလိုက်တာပဲ။ အဲဒီ ဦးနှောက် အရင်းအနှီးက ဟိုမှာ ကိုယ်က ပေးဆပ်ရတာ။ ကိုယ်က ရောင်းစားရတာ။ ရောင်းစားတဲ့ အခါကျတော့ ဦးနှောက် အရင်းအနှီးကို ရောင်းစားနေတဲ့ အတောအတွင်းမှာ ကိုယ့်ဦးနှောက် အရင်းအနှီးကို ထပ်ပြီး တိုးပွားအောင် မလုပ်နိုင်လို့ရှိရင် ဟန်မကျတော့ဘူး။ ဥပမာ ဆိုပါတော့ . . ဟိုမှာ သင်တန်းတွေ ဘာတွေနဲ့ တကယ်ကို နားချိန် မရှိလောက်အောင် အလုပ် လုပ်ရတယ် ဆိုရင် မသိဘူးပေါ့။ အဲဒီမှာ ဆည်းပူးရမှာပေါ့။ ကိုယ့်ဦးနှောက် ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးအောင် ဆည်းပူး နေရမှာပေါ့။ ဟိုမှာ တချို့ဆိုရင် စာမေးပွဲတွေ ဘာတွေ ဆက်ဖြေတယ်။ အဲဒီလို ဦးနှောက် အရင်းအနှီး။ အခုမြင်တာက သိန်း(၃ဝ) ကုန်တယ်၊ သိန်း(၂ဝ) ကုန်တယ် စသည်ဖြင့် ငွေရင်းနှီးတာကိုပဲ မင်တာကိုး။ မင်းကို ဒီအသက် အရွယ်အထိ မင်းသင်ခဲ့တဲ့ ပညာက နည်းတာလားပဲ။ တကယ်လို့ မင်းဘွဲ့ရပြီးသား ဆိုရင် မင်းရဲ့ ပညာ သင်ခဲ့တာက (၁၅)စ်၊ အနှစ်(၂ဝ) ကာပြီ။ အဲဒီ အရင်းအနှီးကြီးကို ကိုယ်က ပေးလိုက်ရတာ။ ပြီးတော့ အဲဒီ အရင်းအနှီးက ရပ်သွားသလား၊ ဆက်ပြီး တိုးနေသလား ဆိုတာ အဲဒါ မင်းအပေါ်မှာ တည်တယ်။ ဟိုမှာ သွားပြီး နေတယ်ဆိုရင် ဆက်ပြီး ဆည်းပူးနိုင်ရမှာပေါ့။ ဟိုမှာ အလုပ်လုပ်ရင်း နားချိန် မရှိအောင် over time နဲ့ ဘာနဲ့ ခိုင်းတော့ အလုပ်ချိန်ပြီးရင် ဖလက် ပြသွားပြီ။ ဒါမှ မဟုတ်လို့ရှိရင် ဟိုသွား ဒီသွားပေါ့။ သောက်ကြစားကြ . . .အဲဒီလို ဖြစ်ကြတာပေါ့။ ပြီးတော့ အခုမင်းတို့ အင်တာနက်ကနေ chatting တို့၊ ဂိမ်းတို့ပါပေါ့။ ဒီဟာတွေမှာ ဘယ်ဟာက ကိုယ့်အတွက် အသုံးဝင်တယ်၊ မဝင်ဘူး ဆိုတာ ကိုယ့်ဘဝ အတွက် သေချာ မလုပ်ဘူး။ chatting တွေပဲ ပြောနေရင်၊ ဂိမ်းတွေပဲ ဆော့နေရင် မင်းတို့ဟာ ယိမ်းနွဲ့ပါးနဲ့ ငါးခုတ်နေတဲ့ ကောင်တွေလို့။ ဒီဟာတွေကနေ တန်ဖိုးရှိတာ အသုံးမချနိုင်ကြဘူးလို့ ပြောလိုက်တယ်။ ဦးနှောက် အရင်းအနှီး ဆိုတာ အဲဒါပဲ။ ခုနက ပြောသလို အင်တာနက် ကောင်းတော့ ဘာလုပ်သလဲ . . .ဂိမ်းဆော့ နေတယ်။ ဘာမှန်း၊ ညာမှန်းမသိ တောင်ပြော၊ မြောက်ပြောနဲ့ chatting။ မဟုတ်တာနဲ့ အချိန်ကုန်တယ်။ မဟုတ်တာနဲ့ အချိန်ကုန်တဲ့ သူတွေ လောကကြီးမှာ များတာပဲ။ လူတစ်ရာမှာ သုံး၊ လေး၊ ငါးယောက်သာ ကိုယ့်အချိန်ကို တန်ဖိုးရှိရှိ အသုံးချတာ။ အခု မြန်မာပြည်မှာ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတာ လူငယ်တစ်ရာမှာ ဘယ်နှယောက်မှ မရှိဘူး။ ဒါပေမဲ့ ကိစ္စ မရှိဘူး။ အဲဒီအချိန် သုံးတတ်တဲ့ လူငယ် သုံးလေးယောက် လောက်ကပဲ မြန်မာပြည်ကို ခေါင်းဆောင် သွားမှာပဲ။ ဟိုကောင်တွေက နောက်က ဝေလေလေ လိုက်ကြပေါ့။ ဦးနှောက် အရင်းအနှီး ဆိုတာ အဲဒါကို ပြောတာ။ 
င်ငံခြား သွားတဲ့သူတွေ အိမ်ကို ငွေပြန်ပို့ပေးတာနဲ့ တစ်ဦးချင်း ဝင်ငွေကြောင့် တိုင်းပြည် ဝင်ငွေအပေါ် ဘယ်လောက်ထိ အကျိုးသက်ရောက်နိုင်မယ် ထင်ပါသလဲ။ 
ပန်ပို့နိုင်တာနဲ့တင် တိုင်းပြည်ရဲ့ ဝင်ငွေ အပေါ် စဉ်းစားကြည့်ရင် ဟိုတုန်းက သင်္ဘောသားတွေ ပန်ပို့ခဲ့တာ တိုင်းပြည် ဝင်ငွေ ထိုက်သင့်သလောက် ရတာပေါ့။ ဒါပေမဲ့ ဒီလောက် ပြောပလောက်အောင် မဟုတ်ပါဘူး။ သူ့အတွက်ကြောင့် မို့လို့ တိုင်းပြည်ရဲ့ စီးပွားရေးကြီး ပြောင်းလဲ သွားလောက်အောင် မဖြစ်နိုင်ပါဘူး။ တကယ်က တိုင်းပြည်က သယံဇာတပဲ အားကိုးရတာပဲ။ အဲဒါသာလျှင် ရှိတယ်။ ဆန်၊ စပါး၊ export ပေါ့။ အခုဆိုရင် gas ပေါ့။ အရင်က သစ်ပေါ့။ အခုသစ်က သိပ်မရတော့ဘူး။ တခြားသား၊ ငါး export တွေ . . .အဲဒါတွေက တကယ့် တိုင်းပြည် ဝင်ငွေ ဖွံ့ဖွံ့ဖြိုးဖြိုး ရနေတာ။ ဒီကလေးတွေ အလုပ်လုပ်ပြီး ပြန်ပို့တယ် ဆိုတာ ရတော့ ရတာပေါ့။ ဒါပေမဲ့ သိပ်အများကြီး မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ စီးပွားရေး ပြောင်းလဲ သွားလောက်အောင် အကျိုးရှိလောက်အောင် မရပါဘူး။ 
ုက ဆရာကြီး ပြောခဲ့ဖူးတဲ့ သခင်စိတ်ထားဖို့နဲ့ သူခိုးစိတ်၊ ကျွန်စိတ် မထားဖို့ဆိုတာ ရှင်းပြပေးပါ။ 
နာက်တစ်
ခု
သခင်စိတ် ထားရမယ် ဆိုတာ တို့ဗမာ အစည်းအရုံးမှာ သခင်ဆိုတဲ့ စကားလုံးကိုက အဲဒီတုန်းက အင်္ဂလိပ်ကို သခင် ခေါ်နေရတာကိုး။ ဘုရား ထူးနေရတာကိုး။ အဲဒီဥစ္စာကို ပြောင်းပြန် လှန်ပြီးတော့ သခင်ဘသောင်းက စတာပဲ။ ပိုက်ဆံပေး ခိုင်းတဲ့သူက သခင်၊ ပိုက်ဆံငွေကြေး ယူပြီး လုပ်ရတဲ့သူက အစေခံကျွန်လို့ မသုံးဘူး . အဲဒီတုန်းက အစေခံလို့ သုံးတယ်။ အဲဒီတော့ 'ဘုရင်ခံက စပြီး ပြာတာ ထိအောင်ဟာ တိုင်းပြည်ရဲ့ အစေခံတွေပဲ . . .ငါတို့ သာလျှင် သခင်'ဆိုပြီး သုံးခဲ့တာ။ အခုဒီနေရာမှာ သခင်စိတ် ထားရမယ် ဆိုတာ ကိုယ်က အလုပ် လုပ်တယ်။ အလုပ်လုပ်တဲ့ အခါမှာ ကိုယ့်သိက္ခာကို ကိုယ်ရိုသေတဲ့ သဘောနဲ့ အဲဒီလို စိတ်မျိုးကို ထားရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဟိုဟာ လစ်ထား၊ ဒီဟာ လစ်ထား သူခိုးစိတ်ပေါ့။ ဝတ်ကျေတန်းကျေ လုပ်တာ ကျွန်စိတ်ပေါ့။ ဆိုလိုတာက ဥပမာ-မင်းလုပ်ငန်း တစ်ခုကို လုပ်တယ် ဆိုပါတော့။ ဒီလုပ်ငန်းကို မင်းက လခစား အနေနဲ့ လုပ်တာပဲ။ သို့သော် အဲဒီလုပ်ငန်းကို မင်းက ဒီနည်းနဲ့ အပြင် ဒီပြင့် ဘယ်နည်းနဲ့ လုပ်နိုင်သေးသလဲလို့ ကိုယ်လုပ်ငန်းကဲ့သို့ သဘောထားပြီး ကြံစည်ပြီးတော့ လုပ်သွားတဲ့သူ သခင်စိတ်ပဲ။ အဲဒီလူတွေက ကြီးပွားလာတာပဲ။ သခင်စိတ်ကို အဲဒါ ပြောချင်တာ။ ကျွန်စိတ်ဆိုတာ ဝတ်ကျေတန်းကျေပဲ။ သူခိုးစိတ်ဆိုတာ အချိန်ရော၊ ဘာရော မျိုးစုံ ခိုးတာ။ အဲဒါတွေ ကျတော့ စာရိတ္တဘက် ပါသွားတယ်။ ကျွန်စိတ်က နိမ့်ကျတဲ့ သဘောပါတယ်။ သူခိုးစိတ်က စာရိတ္တပျက်တဲ့ သဘောပါတယ်။ သခင်စိတ်ကတော့ တကယ့်ကို အကောင်းဆုံးပဲ။ ဆိုကြစို့ ... မင်းအခု လျှပ်တစ်ပြက် တိုက်မှာ လုပ်နေတယ် ဆိုတာမှာ ဘယ်လိုလုပ်လို့ရှိရင် ကောင်းနိုင်မလဲ၊ မင်းအမြဲ စိတ်ကူး နေရမယ်။ မင်းဟာ ပိုင်ရှင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းစိတ်ထဲမှာ ဒီလုပ်ငန်းကို ဘယ်လိုလုပ်ရင် ကောင်းနိုင်မလဲ ဆိုတာကို အမြဲတမ်း စိတ်ကူး ကံစည် နေရမယ်။ သူများတွေ ဘယ်လို လုပ်နေသလဲ။ ဒီပြင့်တိုက်က ဘယ်လို လုပ်နေသလဲ၊ ဘယ်လို စာအုပ်က ဘယ်လို လုပ်သလဲ၊ အဖုံးက ဘယ်လို လုပ်သလဲ၊ ဒါတွေကို မင်းမပြတ် ကြည့်နေရမယ်။ င်ငံခြားက စာစောင်တွေ ကြည့်ရမယ်။ ဘယ်လို တင်သလဲ၊ ဘယ်လို ပြင်သလဲ၊ ဘယ်ဓာတ်ပုံ ထည့်သလဲ၊ အဲဒါကို ကြည့်ပြီး မင်းလုပ်ငန်း အပေါ် စိတ်ဝင်စားရမယ်။ မင်းဟာ ပိုင်ရှင် မဟုတ်ဘူး။ အလုပ်သမား တစ်ယောက်ပဲ။ ဒါပေမဲ့ ကိုယ့်လုပ်ငန်း ဖြစ်ဘိ သကဲ့သို့ စိတ်ကူး ကံစည်ပြီး လုပ်နေရင် အလိုလိုနေရင်း သခင်စိတ် ဖြစ်သွားတာပဲ။ တစ်နေ့ကျရင် မင်းကြီးပွားလာမှာပဲ။ ရေခြားမြေခြားမှာ အလုပ်ဖိစီးမှုတွေ အဆင်မပြေမှုတွေ များလာရင် လူ့သဘာဝအရ အားငယ်လာမယ်။ အားငယ်လာရင် အားကိုးရာ စိတ်ထွက်ပေါက် ရှာမယ်။ ဘယ်လို စိတ်ထွက်ပေါက် ရှာသင့်သလဲ။ ရေခြားမြေခြား ရောက်သွားတဲ့ အခါမှာ ဒီလို အားငယ်တတ်တာ သဘာဝပဲ။ ဒါဟာ ဘယ်သူမဆိုပါ။ ငါလည်း ဖစ်ခဲ့ဖူးတာပဲ။ ဖစ်ခဲ့ဖူးလို့ပဲ တစ်လောတုန်းက ဆောင်းပါးလေး တစ်ပုဒ် 'ဝပ်ကျင်း' ဆိုတာ ရေးလိုက်သေးတယ်။ ကိုယ့်ဝပ်ကျင်းလေးကို မခွာနိုင်တဲ့ ကိစ္စပေါ့။ အဲဒီတော့ အားငယ်သွားတာပဲ။ ဘယ်လောက် အသက်ကြီးကြီး၊ ဘယ်လောက် ပညာ တတ်တတ် အားငယ် တတ်တယ်။ နောက်တော့ နေသား ကျသွားတော့မှသာ တဖြည်းဖြည်း ကျင့်သား ရတာပေါ့။ အရေးကြီးတဲ့ အချက်က ဝင်လုပ်ရတဲ့ လုပ်ငန်းက ကာယ လုပ်ငန်းလား၊ ဥာဏ လုပ်ငန်းလား ရှိတယ်။ ဥာဏ လုပ်ငန်းဆိုရင် ကိုယ့်ဥာဏ်နဲ့ ဆက်ပြီး ဦးနှောက် အရင်းအနှီး ရအောင် ဘယ်လို လုပ်ရင်ရမလဲ ဆိုတဲ့ always learning ပေါ့။ အမြဲတမ်း ကိုယ့်လုပ်ငန်းကို တိုးတက်အောင် ဆည်းပူး နေခြင်းပေါ့။ ဒါပေမဲ့ ကာယလုပ်သား ကျတော့ အဲဒါမျိုး မလွယ်ဘူး။ မလွယ်တော့ အားတဲ့ အချိန်မှာ entertainment ပေါ့ . . .ကိုယ့်စိတ်ကို ဖြေဖျော်တာ တစ်နည်း ရှိတယ်။ တိုးတက်လာအောင် လုပ်တာ တစ်နည်း ရှိတယ်။ အဲဒီ စ်နည်းမှာ ဖြေဖျော်တဲ့ ဥစ္စာမှာ မဟုတ်တဲ့နည်းနဲ့၊ ကိုယ့်ကိုကိုယ် ဖြေဖျော်တာမျိုး မဟုတ်ဘဲနဲ့ ကက်ဆက် သီချင်းလေးတွေ နားထောင်တာတွေထက် လွန်သွားပြီးတော့ ဟိုတယ်တွေ၊ ကလပ်တွေလျှောက် ပီးသွားရင်တော့ ပိုက်ဆံကုန်တာ အပြင် စရိုက်နည်းနည်း ပျက်သွားတတ်တယ်။ လူပေါ့ပျက် သွားတတ်တယ်။ အကောင်းဆုံးက အားလပ်တဲ့ အချိန်မှာ စာဖတ်နေတာ အကောင်းဆုံးပဲ။ စာဖတ်တဲ့ အခါမှာလည်း စာဖတ်တာ ရိုးဆိုရင် လူက အလုပ်လို့ သဘောမထားဘူး။ အပျင်းပြေလို့ သဘောထား သွားတတ်တယ်။ နောက်တစ်ခုက စွန့်တယ် ဆိုတာ စားရဖို့ ဆိုပြီး ဟောပြောတဲ့ နေရာမှာ ဆရာကြီး သုံးနှုန်းခဲ့တာ ရှိပါတယ်။


Wednesday, December 3, 2008

ကျွန်တော်ပြောချင်သော အပိုင်းအစများ(၁)

ကျွန်တော်ပြောချင်နေတာတော့ကြာပြီ၊ မပြော ဖြစ်တာပါ….. အဓိက ကတော့ဗျာ …  မျန်မာပြည်ကနေပြီး စင်ကာပူ     ကိုလာချင်တဲ့ သူတွေကိုပေါ့ဗျာ…. 
ကျွန်တော့ ဒီကိုမရောက်ခင်တုန်းက အရမ်းလာချင်တယ်( ရူးရူးမူးမူးနဲ့ ကို လာချင်တာ)၊ ဒီကိုမရောက်ရင်ဘဲ မဖြစ်တော့မယ့် ပုံစံနဲ့ပေါ့…. ဒါနဲ့ လာခဲ့တယ်…………. စတော့တာပေါ့ဗျာ၊ နေစရာအိမ်ရှာရတယ်၊ နောက် အဆက်အသွယ်ကောင်းဖို့ ဖုန်းတစ်လုံး၊ သွားရေးလာရေး အစဉ်ပြေအောင် MRT Card၊ အစရှိတာတွေကို ၀ယ်ရတယ်၊ အလုပ်လျှောက်ရအောင် သတင်းစာ ၀ယ်၊ ကိုက်တာတွေတော့ Email တွေပစ် အစရှိသဖြင့် အလုပ်ရှာ ရတာပေါ့၊ အလုပ်ရတော့ ပိုလို့တောင် ဆိုးသေးတယ်၊ ရရာ အလုပ်ကို လုပ်ရတာကိုး၊ ရွေးဖို့ အခွင့် မရှိလို့


ဖစ်ပုံ Company Boss က Australian၊ လုပ်ရတာက ကိုသိပ်မကျွမ်းကျင်သော အလုပ်၊ ပြေးကြည့်လိုက်မှ မန်မာက အားလုံးပေါင်း (၂) ယောက်၊ ပြောတဲ့ စကားက English၊ သူများတွေပြောတာကို နားထောင်တော့ ကိုယ်နားမလည်၊ ကိုယ်ပြောတော့လည်း သူတိုကတွေမသိ နဲ့ အားလုံးကိုရှုပ်နေတာပဲ


စင်္ကာပူ လာသူများအတွက် အမှာစာ


ဒီဇင်ဘာလ ၁ ရက်၊ ၂၀၀၈ ခုနှစ်။ 

၂၀၀၈ ခုနှစ်မှာ မြန်မာများစွာ စင်္ကာပူကို ရောက်လာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးရာ အဓိကလို့ပြောရင် ပိုမှန်မှာပါ။ လာသူတွေကို အကြမ်းဖျင်းကြည့်ရင် - 

၁။ အလုပ်ရှာရန်နဲ့ အလုပ်လုပ်ရန်

၂။ ပညာသင်ရန် (သို့မဟုတ်) ကျောင်းနေခြင်းနှင့်ဆိုင်တဲ့ ကိစ္စများ

၃။ စီးပွားရေးလုပ်ရန်

တခြား အလည်အပတ်လာသူ၊ ဈေးဝယ်ရန်၊ ဆေးရုံတက်ရန် တဲ့ကိစ္စတွေရှိမှာပါ။ င်ငံရေးသမား၊ ဘာသာရေးသမားတွေလည်း အနည်းအကျဉ်း ရှိမှာပဲ။ 

ဒီအမှာစာလေးမှာတော့ အလုပ် လာလုပ်လိုသူတွေအတွက် အဓိက ရေးပါတယ်။ စင်္ကာပူမှာ င်ငံခြားသားတွေအတွက် အလုပ်အဆင့်အတန်း ၃ မျိုး ရှိပါတယ်။ 

ပထမအမျိုးအစားကတော့ Expert ဆိုတဲ့ လစာငွေ ဒေါ်လာ ၅ ထောင်၊ တသောင်း အထက်ရတဲ့ အဆင့်ပါ။ မန်မာပြည်က စတင်ရောက်လာသူတွေ မရနိုင်ပါဘူး။ ဒါပေမဲ့ စင်္ကာပူမှာ လစာငွေ ဒေါ်လာ သောင်းချီရနေတဲ့ မန်မာများစွာ ရှိနေပါတယ်။ သူတို့တွေဟာ စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး တဖြေးဖြေးချင်း တိုးတက်လာသူတွေပါ။ 

ဒုတိယအမျိုးအစားကတော့ EP, S-Pass ဆိုတဲ့ ဘွဲ့ရအဆင့်အတန်း အလုပ်အကိုင်ပါ။ 

တတိယအမျိုးအစားမှာတော့ WP Work Permit ဆိုတဲ့ Skill Workers အဆင့်ပါပဲ။ 

မန်မာအများစုဟာ ရန်ကုန်မှာ အလုပ်ပွဲစားများနဲ့ အလုပ်ရှာကြပါတယ်။ အလုပ်ပွဲစား အများစုကတော့ တတိယအမျိုးအစား WP အလုပ်မျိုးကို အလွယ်တကူ ရှာပေးနိုင်ပါတယ်။ လစာငွေ ဒေါ်လာ ၅၀၀ နဲ့ တထောင်အကြား ရဖို့အရေး ပွဲစားခနဲ့ လေယာဉ်စရိတ်ပေါင်း စင်္ကာပူဒေါ်လာ ၃ ထောင်နဲ့ ၄ ထောင်ကြားမှာ တောင်းပါတယ်။ ငွေများများပေးရင် လစာပိုရပြီး၊ အလုပ်လည်း အချိန်ပို လုပ်ရတယ် ပြောပါတယ်။ 

မန်မာတွေဟာ ရန်ကုန်မှာရှိတဲ့ စင်္ကာပူအစိုးရ အသိအမှတ်ပြု သင်တန်းကျောင်းတွေမှာ သင်တန်းမျိုးစုံတက်ပြီး အောင်လက်မှတ် ယူရပါတယ်။ သင်တန်းတွေကတော့ အမျိုးသားတွေအတွက် ဆောက်လုပ်ရေး၊ သင်္ဘောပြင်၊ ဂဟေဆော်၊ သံချည်သံကွေး စတဲ့ ၃ လရက်တို သင်တန်းတွေပါပဲ။ အမျိုးသမီးတွေအတွက်ကတော့ ဘိုးဘွားစောင့်ရှောက်ရေး၊ မသန်စွမ်းသူ စောင့်ရှောက်ရေး၊ စားဖိုမှူးသင်တန်း၊ အိမ်ဖော်သင်တန်း၊ သူနာပြုအကူ သင်တန်း စတဲ့ စင်္ကာပူအစိုးရက လိုအပ်နေတဲ့ အလုပ်တွေပါ။ 

တချို့ပွဲစားတွေက ဒုတိယအမျိုးအစား အလုပ်ရှာပေးမယ်ဆိုပြီး လိမ်ညာဆွဲဆောင်ပါတယ်။ မန်မာတွေကလည်း ၁၀ တန်း မအောင်ရင်တောင် ဘွဲ့ရအလုပ်မျိုးကို မှန်းကြတယ်။ ''လစာက စင်္ကာပူဒေါ်လာ ၂၀၀၀ လောက် အချိန်ပိုနဲ့ပေါင်းရင် ရမယ်၊ ဘာညာ'' ဆိုပြီး အလုပ်အပ်အောင် ရွှမ်းရွှမ်းဝေ ပြောကြတယ်။ လူတော်တော်များများက ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်ကြတော့ သူတို့ပြောတာတွေကို ယုံလိုက်ကြတယ်။ အရေးထဲ စင်္ကာပူရောက်ရင် လူပွဲစားလုပ်စားမယ် ကြံရွယ်နေတဲ့ မန်မာတွေကလည်း တဆင့်ပွဲစားလုပ်ပြီး ကိုယ့်သူငယ်ချင်းကို အယုံသွင်း၊ ကိုတင်ငွေတောင်းလုပ်လို့ နောက်ပိုင်းမှာ အဆင်မပြေဖြစ်ရာကနေ မိတ်ဆွေပျက်ရုံမက ရန်သူတောင် ဖြစ်သွားရတဲ့ တကယ့်အဖြစ်အပျက်တွေ များစွာရှိပါတယ်။ ကိုယ်ညံ့လို့၊ လူယုံသတ်ခံရတာ ဆိုတော့လည်း ဘယ်သူ့မှ မပြောတော့ဘဲ ငြိမ်ခံလိုက်ရတာတွေလည်း အများအပြား ရှိပါတယ်။ 

ဥပမာ အနည်းအကျဉ်း (ကိုယ်တွေ့တွေပဲ ရေးပါမယ်)။ 

ပထမအဖြစ်အပျက်
၂၀၀၇ မှာ ကျနော့် တူမတဦး စင်္ကာပူကို ရောက်လာပါတယ်။ သူ့အမေက ဖုန်းဆက်ပြောလို့ လာမယ်သိရပေမယ့် သူ့ဦးလေးအိမ်ကို မတည်းပါဘူး။ ''ပွဲစားက စီစဉ်ပေးတဲ့နေရာပဲ နေမယ်'' လို့ ပြောတယ်။ ''အလုပ်လည်း ရမယ်၊ လစာလည်း ကောင်းတယ်၊ ဘာညာ'' နဲ့ ရန်ကုန်က ဖုန်းဆက်ပြောတယ်။ ''စင်္ကာပူရောက်ရင် ဖုန်းဆက်ခိုင်းပါ'' လို့ပဲ မှာလိုက်ရတယ်။ အဲဒီ ၂၆ စ်အရွယ် မိန်ကလေးက မြန်မာပြည်မှာ ၁၀ စ်လောက် အန်ဂျီအို (အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း) တွေမှာ အလုပ်လုပ်ခဲ့ဖူးတော့ အင်္ဂလိပ်စကားလည်း အသင့်အတင့် ပြောတတ်တယ်။ ဘွဲ့ကလည်း ရပြီးသားဆိုတော့ ပွဲစားပြောတာကို အဟုတ်ထင်တယ်။ 

စင်္ကာပူက မြန်မာအလုပ်ပွဲစားတဦး (ဒီလို ပွဲစားတွေ ထောင်နဲ့ချီ ရှိပါတယ်) က ''အလုပ်လည်း ရှိတယ်၊ နေစရာလည်း သူ စီစဉ်ပြီးသား (အလကား နေရမယ့် ပုံစံမျိုး ပြောတယ်) ၊ စင်္ကာပူရောက်မှ S-pass တင်လိုက်ရုံပဲ၊ ၂ ပတ်လောက် စောင့်ပြီးရင် S-pass Approved စင်္ကာပူအစိုးရ ချပေးပြီးရင် အလုပ်စလုပ်ရုံပဲ၊ S-pass စောင့်နေတုန်းမှာလည်း နေ့စားအလုပ် ရှာလုပ်ရင် တနာရီ စင်္ကာပူဒေါ်လာ ၁၀ လောက်ရမယ်'' ဆိုတာတွေ ပြောတော့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ တူမဖြစ်သူက စဘော်ငွေအဖြစ် ဒေါ်လာ ၂၀၀၀ ကို ရအောင်ရှာရတယ်။ အဖေ၊ အမေ ဖြစ်သူကို ရွှမ်းရွှမ်းဝေအောင် ပြောပြတော့ သမီးအတွက် ဘုရားဆုတောင်းပြီး၊ စင်္ကာပူမှာရှိတဲ့ ဆွေမျိုးတွေကို မှာရတယ်။ 

အဲဒီတူမလည်း ရောက်တဲ့နေ့မှာပဲ ပြဿနာကြုံတော့တာပဲ။ ပွဲစားမနဲ့ တူမ ၂ ယောက်သား ကြိတ်ပုန်းခုတ်ပြီး ကျနော့်တူမကို အိမ်တအိမ်မှာ သွားထည့်ထားလိုက်တယ်။ ပွဲစားမကတော့ သူ့မိတ်ဆွေအိမ်မှာ နေတယ်။ စင်္ကာပူမှာ အိမ်ဖွင့်စားတဲ့လူတွေ အများကြီးပဲ။ အိမ်ငှားခ ဈေးကြီးတော့ အိမ်တလုံး အခန်း ၃ ခန်းရှိရင် ၂၀၀၇၊ ၂၀၀၈ ခုနှစ် ပေါက်ဈေးအရ တလမှာ ဒေါ်လာ ၁၈၀၀ ကနေ ၂၀၀၀ အထိပေးရတော့ မြန်မာတွေ လူတင်ထားရတယ်။ တလကို တခန်းလုံးယူရင် ဒေါ်လာ ၆၀၀ ဒါမှမဟုတ် တခန်းမှာ နှစ်ထပ်ကုတင် 2 လုံးထည့်ထားပြီး လူ ၄ ယောက်နေရင် တလမှာ တယောက်ကို ဒေါ်လာ ၁၅၀ စသဖြင့် နေကြရတယ်။ 

ကျနော့်တူမကို နေစရိတ်အဖြစ် တလအတွက် ဒေါ်လာ ၂၀၀ လောက်တောင်းပြီး စပေါ်ငွေကိုတော့ ဒေါ်လာ ၂၀၀ လောက်၊ စုစုပေါင်း ဒေါ်လာ ၄၀၀ လောက် တောင်းတယ်။ ပွဲစားမက ''ပေးလိုက်လေ'' လို့ ပြောတော့ လက်ထဲမှာ အဖေ၊ အမေဆီက တောင်းလာတဲ့ ဒေါ်လာလေးလည်းရှိ၊ ''ငါ့မှာ ပိုက်ဆံရှိတယ်'' ဆိုတဲ့ မာနလေးကလည်း အနည်းအကျဉ်းရှိဆိုတော့ ဈေးတောင် ကောင်းကောင်းဆစ်ချိန် မရပါဘူး။ တောင်းသမျှ ပေးလိုက်မိတော့တယ်။ နောက် နေတော့လည်း သိပ်အဆင်မပြေတော့ အဲဒီနေ့မှာပဲ သူ့ဦးလေးဆီ ဖုန်းဆက်ပြီး သိပ်အဆင်မပြေကြောင်း သတင်းပို့လိုက်ရတယ်။ 

ဒီတော့မှ တူမဖြစ်သူကို အိမ်ကို ပြန်ခေါ်ထားလိုက်ရပေမယ့် အိမ်ဖိုးငွေ ပေးထားပြီးသားကတော့ ပြန်မရတော့ပါဘူး။ ''နေမယ်ပြောထားလို့၊ အခု မနေတော့ဘူး'' ဆိုတော့ သူ့နေရာ အလွတ်ကြီး ဖြစ်နေပြီ။ ''လူစားရှာပေးရင်တော့ ပေးထားတာတွေ ပန်ပေးပါမယ်'' လို့ အိမ်ရှင်ကလည်း ညည်းတွားပြတယ်။ ငွေပေးပြီးရင် ပြန်တောင်းလို့ မလွယ်တော့တာတော့ သဘာဝပါပဲ။ 

အဲဒီကတည်းက အတူလာတဲ့ မြန်မာပြည်က ပွဲစားမက သူထားတဲ့နေရာ မနေဘူးဆိုပြီး အပြစ်တင်လာတယ်။ တူမဖြစ်သူကလည်း စင်္ကာပူရောက်မှ စုံစမ်းကြည့်တော့ ပွဲစားမ ပြောတာတွေ အာပလာ ဖစ်နေကြောင်းနဲ့ S-pass အလုပ်ရဖို့ အင်မတန်ခက်ကြောင်း သိလာရတယ်။ လွယ်ကူတဲ့ Nurse Assistance အလုပ်မျိုး လုပ်ရင်လည်း ရှက်တယ်။ လစာလည်း မရဘူး။ အရေးထဲ ပွဲစားမကလည်း စင်္ကာပူက မန်မာပွဲစားနဲ့ သူတို့ချင်း ပြဿနာဖြစ်ပြန်တယ်။ ကျနော့်တူမက စင်္ကာပူပွဲစားဆီ အလုပ်အပ်တဲ့ စဘော်ငွေ (ဒေါ်လာ ၅၀၀ လားမသိဘူး) မပေးလို့ သူက ''အလုပ်ရှာမပေးနိုင်ဘူး'' လုပ်ပြန်တယ်။ အတူလာတဲ့ ပွဲစားအမျိုးသမီးကလည်း သူ့အသိ ကုမ္ပဏီ အသေးကလေးတွေနဲ့ အင်တာဗျူး စီစဉ်ပေးတယ်။ ''အဲဒီလူတွေက တလကို ၄၀၀ ပဲ ပေးမယ်၊ အိုဗာတိုင် မပေးနိုင်ဘူး၊ ငါတို့ကုမ္ပဏီက သေးတော့ မိသားစုလို အလုပ်အားလုံး လုပ်ပေးရမယ်'' ပြောတယ်။ 

ကုမ္ပဏီသေးတော့ စင်္ကာပူအစိုးရကလည်း အလုပ်ပါမစ် S-pass ချပေးမှာ မဟုတ်ဘူးဆိုတာ သေချာနေတော့ မလုပ်ချင်ဘူးလို့ ငြင်းလိုက်ရတယ်။ ဒီတော့ အတူလာတဲ့ ပွဲစားအမျိုးသမီးက ''နင်က တယ်ပြီး အလုပ်ဂျီးများတာပဲ'' လို့ အပြစ်တင်တယ်။ ''ကျမ ဖာသာပဲ အလုပ်ရှာပါတော့မယ်။ ပွဲခပြန်ပေးပါ'' လို့ တောင်းတော့ ရန်သူဖြစ်လာတယ်။ အတူလာတဲ့ ပွဲစားအမျိုးသမီးကလည်း ကြည့်ရတာ သူရဲ့ ပထမဆုံး ပွဲစားအလုပ်က ကျနော့် တူမလား မသိပါဘူး။ ဘာပဲပြောပြော နောက်ဆုံးတော့ ကုန်ကျစရိတ်တွေ တ်ပြီး အရစ်ကျနဲ့ ရန်ကုန်မှာ ပြန်ပေးပါမယ်လို့ သဘောတူလိုက်ရတယ်။ အတူလာတဲ့ ပွဲစား အမျိုးသမီးခမျာလည်း ငွေမပြေလည်ရုံမက၊ သူကိုယ်တိုင်လည်း အလုပ်မရှိ၊ အခက်အခဲရှိနေသူဆိုတော့ .. 

ဒီလိုနဲ့ပဲ တူမဖြစ်သူခမျာ ကိုယ့်အားကိုယ်ကိုးပြီး အလုပ်ရှာတယ်။ စင်္ကာပူမှာ နေထိုင်ခွင့် ဗီဇာကို စ်ပတ်တခါ သက်တမ်းတိုးရင်း ၃ လပြည့်တော့ ဗီဇာဆက်တိုးလို့ မရတော့ဘူး။ စင်္ကာပူမှာ ကျောင်းလာတက်တဲ့ မန်မာသူဌေး သား၊ သမီးတွေ အများကြီး ရှိတယ်။ ကျောင်းသားဗီဇာနဲ့နေပြီး အလုပ်ရှာနေတဲ့ လူတွေလည်း အများကြီးရှိပေမယ့် ကျောင်းသားဗီဇာအတွက် ကျောင်းလခက တလကို စင်္ကာပူဒေါ်လာ ၃၀၀ အထက်၊ ငွေ ၂ ထောင်လောက် အရင်ပေးရမယ်။ အစိုးရဆီမှာလည်း အာမခံငွေ တနှစ်စာ ကျောင်းလခ စဘော်တင်ထားရမယ်နဲ့ အနည်းဆုံး ဒေါ်လာ ၅ ထောင်လောက် ရင်းနှီးရမယ်ဆိုတော့ ကျနော့်မှာလည်း ငွေပိုလျှံမရှိ။ 

နောက်ဆုံးတော့ တူမက အလုပ်တခုရသွားတော့ S-pass တင်ထားပြီး မြန်မာပြည်တော့ မပြန်ချင်တော့ဘူး။ ရှက်ပုံရတယ်။ ''မလေးရှားသွားပြီး စတေးရှောင်နေတော့မယ်'' ပြောတယ်။ နောက်ဆုံး ဘုရားပဲဆုတောင်းရင်း ရှေ့မျက်နှာနောက်ထား စရိတ်သက်သာ၊ စိတ်လည်း ချမ်းသာတဲ့ မန်မာပြည်ပဲပြန်သွားပြီး S-pass စောင့်တော့တယ်။ နှစ်ပတ်ကြာတော့ S-pass Reject ဖစ်သွားတော့၊ မန်မာပြည်ရောက်နေတဲ့ တူမဆီ အကြောင်းကြားရင်း တခေါက်ပြန်လာ အလုပ်ထပ်ရှာဖို့ပဲ ရှိကြောင်း ပြောရတယ်။ 

နောက်တခေါက်လာတော့ ဘုရားဆီပဲ ဆုတောင်းရင်၊ ကိုယ့်ကိုယ်ကို အထင်ကြီး၊ ဘ၀င်မြင့်တဲ့ စိတ်တွေ ဖျောက်ထားပြီး နှိမ့်ချမှုနဲ့ အလုပ်ရှာတဲ့အခါ စိတ်ရဲ့ ငြိမ်းချမ်း ငိမ်သက်ခြင်း ရရှိသွားတဲ့အတွက် ကုမ္ပဏီတခုမှာ စာရေးမ Administrative အဖြစ် S-pass ရသွားပါတယ်။ 

ဒုတိယအဖြစ်အပျက်
၂၀၀၈ ခုနှစ် ဇန်န၀ရီလောက်မှာပဲ စင်္ကာပူမှာ အလုပ်အတူလုပ်တဲ့ သူငယ်ချင်းက စိတ်ပျက်လက်ပျက်နဲ့ ပြောလာတယ်။ ''ငါ့မိန်းမကလည်း မြန်မာပြည်မှာ သူ့အမေ ဆေးရုံတက်နေတာကြောင့် မိန်းမ မြန်မာပြည် ခဏပြန်သွားတုန်း ငါ့မိန်းမရဲ့ တူမ မနေ့က ငါ့ဆီ ဖုန်းဆက်တယ်။ ကည့်ရတာ မင့်တူမလိုပဲ ပွဲစားအလိမ်ခံရပြီ ထင်တယ်။ သူက ပွဲစားအိမ်မှာ နေနေတာ စ်လလောက်ရှိပြီ။ S-pass အလုပ်ရမယ်ပြောပြီး သူပြောတဲ့ အလုပ်တွေမှာ အင်တာဗျူးတာလည်း အလုပ်မရဘူးတဲ့။ မင့်တူမက အင်္ဂလိပ်စကား ပြောနိုင်တော့ တော်သေးတယ်။ ငါ့တူမက မပြောနိုင်တော့ ပွဲစားက နင်ညံ့လို့ အလုပ်မရဘူး၊ မန်မာပြည်ပဲ ပြန်တော့လို့ ပြောနေတယ်'' 

''စင်္ကာပူမှာ ကျောင်းသားဗီဇာနဲ့ ၆ လလောက်နေရင် အင်္ဂလိပ်စကား ပြောတတ်မယ်ဆိုပြီး ကျောင်းတက်ရင် ကောင်းမလားလို့ ငါ့ကို လာတိုင်ပင်တယ်။ ပိုက်ဆံကလည်း မရှိတော့ဘူး။ ငါလည်း နင့်အဒေါ် နောက်တပတ် ပန်လာမှ တိုင်ပင်လို့ ပြောထားတယ်။ ပွဲစားပြောသလိုပဲ၊ မြန်မာပြည်ပြန်ပြီး စောင့်ပါလား။ စင်္ကာပူမှာက စရိတ်သိပ်ကြီးတယ်။ ငါ့အိမ်တော့ ခေါ်ထားချင်ပေမယ့် ငါ့အိမ်မှာ နေရာလပ် မရှိတော့ဘူး။ အခန်း ၂ ခန်း ပိုတာလည်း ငှားစားထားလိုက်ပြီး ငါ့မိသားစုတောင် ကလေး စ်ယောက်နဲ့ မာစတာအိပ်ခန်းထဲ စုပြုံအိပ်ရတော့ ငါ့တူမကို ဧည့်ခန်းမှာ သိပ်လို့လည်း မကောင်းဘူး" 

''ဒီလိုပဲကွာ သူများတွေရဲ့ သူငယ်ချင်း၊ တူ၊ တူမတွေ အလိမ်ခံရတာကြားလို့ သူ့ကို မလာခင်ကတည်းက သူ့အမေကိုလည်း သေသေချာချာ မှာတယ်။ သတိထား၊ လူလိမ်ခံရမယ် မှာထားရက်နဲ့၊ ငါ့တို့ကို အစစအရာရာ တာဝန်မယူနိုင်လို့ စိတ်ခုသွားသလား မသိဘူး၊ အဆက်အသွယ် မလုပ်တော့ဘူး။ အခု အရင် စ်လလောက် ကတည်းက တူမ စင်္ကာပူရောက်နေတာလည်း သတင်းမပို့ဘူး။ အခု မကယ်နိုင် မရှူနိုင်ဖြစ်ပြီးမှ အကြောင်းကြားလာတယ်ကွာ'' လို့ ညည်းတွားပြတယ်။ 

တတိယအဖြစ်အပျက်
၂၀၀၈ ခုနှစ် သြဂုတ်လမှာပဲ အမေရိကားက သူငယ်ချင်းတဦးက ဖုန်းဆက်လာတယ်။ သူ့တူ ပွဲစားက S-pass လစာ ၂၀၀၀ လောက်ရမယ်ဆိုပြီး စင်္ကာပူ ရောက်နေပြီ။ သူ့တူက အသက် ၂၅ စ်လောက်၊ 
ဘွဲ့ရပြီးသား။ မလေးရှားမှာလည်း ၅ စ်လောက်
အလုပ်မျိုးစုံ လုပ်ခဲ့တယ်။ မြန်မာပြည်မှာလည်း စင်္ကာပူ အလုပ်သင်တန်းတွေ တက်ခဲ့ပြီး သေချာပေါက် အလုပ်အဆင်ပြေမယ်ဆိုပြီး ပွဲစားနဲ့ လာခဲ့တယ်။ ပွဲခငွေ တ၀က်တော့ ပေးထားပြီးပြီ။ ဒါပေမဲ့ ပွဲစားထားတဲ့အိမ်မှာ လူတွေအများကြီးပဲ။ သူ့မှာလည်း သုံးစရာ စင်္ကာပူဒေါ်လာ ၁၅ ဒေါ်လာပဲရှိတော့လို့ ဦးလေးရယ် ကူပါအုံး ပြောနေတယ်။ သူ့အတွက် ကုန်ကျငွေတော့ ကျနော်ချေးငှားပေးပါမယ်။ ခင်ဗျားတို့ ကည့်ရှုစောင့်ရှောက်ပေးပါ။ ခင်ဗျားတို့အရှိန်အ၀နဲ့ဆို ပွဲစားလည်း သူ့ကို ကောင်းကောင်းဆက်ဆံမယ်၊ ပိုက်ဆံလည်း ပြန်ပေးသင့်သလောက် ပြန်ပေးမယ်ပေါ့။ ကူပါဦးဆိုလို့ ပွဲစားကို ခေါ်တွေ့ရတယ်။ 

ပွဲစားကလည်း သူ့အထက် ပွဲစားအကြီးတယောက် ရှိသေးတယ်။ အလုပ်ပေးမယ်ပြောတဲ့ အလုပ်ရှင်ကလည်း ရှိသေးတယ်လို့ မျက်နှာငယ်ငယ်နဲ့ ပြောရှာတယ်။ ဟုတ်ပါတယ်။ ပွဲစားငယ်လေးကို ပွဲစားအကြီးက ဖတ်အုပ်ထားတော့ ပွဲစားငယ်ခမျာလည်း အရှိန်အ၀ရှိသူနဲ့တွေ့တော့ ကြောက်ရှာတာပေါ့။ အဲဒီ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး S-pass ရမယ် မျှော်လင့်နေတဲ့ မလေးရှားမှာ ကျဘမ်း ၅စ်လုပ်ဖူးသူ လူငယ်ကိုလည်း မင်း Work Permit အလုပ်ပဲရွေးပါလား၊ အလုပ်ရဖို့ လွယ်တယ်၊ ပွဲခလည်း နည်းတယ်။ ၆ လ ၊ တနှစ်လောက်လုပ်ရင် ငွေစုရင်၊ ကုမ္ပဏီတွေ အင်တာဗျူးရင် စင်္ကာပူမှာ S-pas အလုပ်ကို ပွဲခမပေးဘဲ ရနိုင်ပါတယ်လို့ ပြောပြရတယ်။ အဲဒီ လူငယ်အမျိုးသားလေးလည်း နောက်ဆုံးတော့ သူနဲ့ထိုက်တန်တဲ့ WP အလုပ်ကလေးကို ရသွားပါတယ်။ 

မန်မာပြည်က ဒီဗိုလ်ချုပ်ကြီးတွေ နောင်တရပါပြီး စိတ်ထဲကပဲ ပြောတယ်။ ပြည်သူတွေပဲ ခံနေရပြီးပြည်သူတွေ င်ငံခြားထွက် အလုပ်လုပ်ရတဲ့အကြောင်း စဉ်းစားရင် ဘယ်မြန်မာလူမျိုးမှ မပျော်ရွှင်ပါဘူး။ စင်္ကာပူအကြောင်း ရေးရတာလည်း ပညာအသင့်အတင့်တတ်တဲ့ မြန်မာတွေအတွက်၊ ပိုက်ဆံအသင့်အတင့် တတ်နိုင်တဲ့မန်မာတွေအတွက်ပဲဖြစ်တော့ အခြေခံလူတန်းစား မန်မာတွေ ထိုင်းနဲ့ မလေးရှားမှာ ပင်ပမ်းဆင်းရဲစွာ လုပ်ကိုင်နေရတဲ့ အကြောင်းတွေကို ကျနော်တို့ သိနားလည်သင့်ပါတယ်။ ပည်ပရောက် မြန်မာ ၃ သန်းကျော်ရှိတဲ့ အချိန်မှာ စင်္ကာပူဆိုတဲ့ အလျား မိုင် ၆၀၊ အနံ မိုင် ၄၀ ကျွန်းကလေးတခုမှာ မြန်မာ ၂ သိန်းလောက် စုပြုံနေထိုင်ကြတဲ့ ခင်္သေ့ကျွန်းကလေးမှာ မက်မောပြီး အလုပ်ရှာတဲ့ လူတွေရဲ့ အခက်အခဲတွေကို အနည်းအကျဉ်း ရေးရပါတယ်။ 

ကျနော် ဘယ်လိုပဲရေးရေး၊ ဘယ်လိုပဲ ပြောပြော အလိမ်ခံရသူတွေကတော့ ရှိနေမှာပါပဲ။ ဘာပဲဖြစ်ဖြစ် စင်္ကာပူမှာ အလုပ်လာရှာတဲ့၊ ကိုယ်ရင်းနှီးတဲ့ ဆွေမျိုးမိတ်ဆွေတွေ မခံရရေးကနေ စတင်ပြီး တဖြေးဖြေး ချဲ့ထွင်နိုင်မယ် ဆိုရင်တော့ အတော်ပဲ လျော့ပါးနိုင်ကြောင်းပါ ခင်ဗျား။

မောင်သာမန်


Friday, November 21, 2008

GW အဖွဲ့ဝင် ၅ ဦး ထောင်ဒဏ် ၅ နှစ်

Hip-Hop အဆိုတော်နှင့် Generation Wave – GW အဖွဲ့ဝင် ကိုဇေယျာသော် (ခ) ကျော်ကျော်နည်းတူ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ အခြား အဖွဲ့ဝင် ၅ ဦးလည်း ယနေ့တွင် ထောင် ၅ ချမှတ်ခံရသည်။

ယနေ့တွင် ကိုဇေယျာသော်အား တရားမ၀င်အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ င်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၆ ချမှတ်ခဲ့သလို၊ အခြား GW အဖွဲ့ဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဘို၊ ကိုသီဟ၀င်းတင်၊ ကိုဝေလင်းဖြိုးနှင့် ကိုရန်နိုင်သူတို့လည်း ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားရုံးမှပင် တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု စွဲချက်ဖြင့် ယနေ့နံနက်ပိုင်းက ထောင်ဒဏ် ၅ စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

"ခံစားရတယ်။ အမည်မဖော်နိုင်အောင်ကို ခံစားရတယ်။ ငါးနှစ်ဆိုတာ ကျမတို့အတိုင်းတာအရ များပါတယ်။ သားက ME မပြီးသေးဘူးလေ။ ပညာရေးအတွက် အခွင့်အရေး ဆုံးရှုံးသွားတာပေါ့" ဟု တရားရုံးသို့ ကိုယ်တိုင် သွားရောက်ကြားနာခဲ့သူ ကိုအောင်ဇေဖြိုး၏ မိခင် ဒေါ်ကျင်စန်းက မဇ္ဈိမကို ပြောသည်။ 

ဖခင်ဖြစ်သူ ဦးဘိုခိုင်ကလည်း "အန်ကန်တို့တော့ အယူခံဝင်မယ်။ ဖစ်နိုင်ရင် ဗဟိုအထိတက်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်သွားမယ်" ဟု ပြောသည်။

တရားရုံးက အမိန့်ချမှတ်ပြီးနောက် အင်းစိန်ထောင်ကားဖြင့် ကိုအောင်ဇေဖြိုးအား ခေါ်ထုတ်သွားစဉ် တရားခွင်တွင် လာရောက်၍ အမှုနားထောင်သည့် သွေးကြောကျဉ်းဝေဒနာ ခံစားနေရသူ မိခင်မှာ ရုတ်တရက် သတိလစ်သွားခဲ့ရာ ဗဟိုစည် ပုဂ္ဂလိကဆေးရုံတွင် ခေတ္တဆေးကုသမှု ခံယူခဲ့ရသည်။ ယခုအခါ ပန်လည် သက်သာလာပြီ ဖြစ်သည်။

အာဏာပိုင်များမှ တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု ပုဒ်မ ၆ ̸ ၈၈ ဖင့် ကိုအောင်ဇေဖြိုးအား ထောင်ဒဏ် ၅ စ် ချမှတ်ခဲ့သော်လည်း မိဘများအနေဖြင့် ၄င်းအဖွဲ့အစည်းနှင့် ပတ်သက်မှုရှိသည်ဟု မသိရှိခဲ့ရကြောင်း မိခင်ဖြစ်သူက ယခုလို ပြောဆိုသည်။

"သားက ကျောင်းတဖက်၊ ကားအရောင်းအ၀ယ်ကတဖက်၊ ME တက်ဖို့ဆိုပြီးတော့ အင်္ဂလိပ်စာကျူရှင် တက်နေတာ။ နိုင်ငံရေးအဖွဲ့အစည်းနဲ့ ပတ်သက်နေခဲ့တာ မသိခဲ့ဘူး။ ဖမ်းပြီးတော့ ဗဟန်းရဲစခန်းကနေ လမ်းမတော်ကို ပြောင်းပြီး ဘာအမှုဆိုတာ ပြောပြမှပဲ ဒေါ်ဒေါ် သိခဲ့ရတယ်" ဟု မိခင် ဒေါ်ကျင်စန်းက ပြောသည်။

ကိုအောင်ဇေဖြိုးသည် အင်ဂျင်နီယာ မဟာဘွဲ့ပညာ ဆက်လက်ဆည်းပူးနေသည့် ကျောင်းသားဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် GW ခေါ် မျိုးဆက်သစ် လူငယ်များအစည်းအရုံးသည် ရွှေဝရာင် တော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် လူငယ်အဖွဲ့စည်းတခုဖြစ်ကာ စစ်အစိုးရအား ဆန့်ကျင်သည့် တေးသီချင်းများ ရေးစပ်ခြင်းဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် အကြမ်းမဖက် နည်းလမ်းများဖြင့် လှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။